တော်လှန်ရေးနယ်မြေမှဟာသများ(၃)


                                                       



















ဗမာကြီးစကားပြောသူများ

ကိုခိုင်

၈၈၈၈-အရေးတော်ပုံကြီးနောက်ပိုင်း ..ကျောင်းသားတော်တော်များများ ...
မြန်မာနိုင်ငံနယ်စပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးနေတဲ့
ဒေသတွေကို..ရောက်ရှိလာကြအချိန်ကပါ ။ တိုင်းရင်းသားလက်နက်ကိုင်
အချို့နဲ့ ..ဒေသခံတချို့က..သိပ်ပြီးအမြင်မကြည်ကြချိန်ပေါ့ ။ တိုင်းရင်းသား
တွေက အမောင်ကျောင်းသားတွေအကြောင်းပြောချင်ရင်..အခြင်းခြင်းသူတို့
ဘာသာစကားနဲ့ပြောကြပြီး ..ကိုယ်တွေ(ကျောင်းသား) ပြောတဲ့စကားကိုလည်း
သူတို့ကနားလည်နေတော့ တပန်းရှုံးနေတယ်လို့ဆိုကြပါစို့ ။ အထူးသဖြင့် ..
တိုင်းရင်းသူအပျိုချောလေးတွေအကြောင်းကို..သူတို့ရှေ့မှာပြောရမှာအားနာ
ကြရပါတယ် ။ ဒါနဲ့ပဲ ပြောချင်တဲ့အချိန်မှာပြောလို့ရအောင်ဆိုပြီး အခြင်းခြင်း
“အထာစကား” (စကားလိမ်စကား) တွေနဲ့ ပြောဆိုနှတ်ဆက်ကြပါသတဲ့ ...
သူတို့ကလဲကိုယ်တွေရှေ့တင်ပဲ သူတို့ဘာသာစကားနဲ့အတင်းတုတ်ကြတော့
ကိုယ်တွေကလဲ..သူတို့ရှေ့တင်ပဲ ကိုယ်တွေထွင်ထားတဲ့ “အထာစကား”နဲ့
အတင်းတုတ်ကြတာပေါ့ ။
သူတို့နားမလယ်တဲ့စကားဖြစ်နေတော့...မေးကြပါလေရောလား .....

     “နင်တို့ ..ဘာစကားတွေပြောနေကြတာလဲ ”  ...   တဲ့

အဲဒီတော့ .. ပျော်ပျော်နေတတ်တဲ့ကျောင်းသားတယောက်က ..

     “ဗမာကြီးစကားပါ”  လို့ ပြောလိုက်သတဲ့ ...

ဒီတော့ကား “ကျောင်းသားတွေဗမာကြီးစကားပြောတတ်တယ်”  ဆိုပြီး ..
ဒေသအတွင်းတောမီးပမာ ပြန့်နှံ့သွားပါရော..... ။
အဲဒီ့နောက်ပိုင်း ..ကိုယ်တွေအခြင်းခြင်း ..အထာစကားတွေနဲ့ပြောကြရင် ...
သူတို့အခြင်းခြင်း လက်ကုတ်ပြီး ..ပါးစပ်လေးတွေကိုလက်နဲ့ကွယ်လို့
ခပ်တိုးတိုးပြောကြတာက .....

“ကျောင်းသားတွေဗမာကြီးစကားပြောနေကြတယ်”


ကိုခိုင်
၂၈-၅-၂၀၁၀
၁၈း၂၀

1 comment:

  1. ဒီမှာ ကိုခိုင်..

    လူကို စွာသလေး ဘာလေးနဲ့ အဲလို မပြောရဘူးလို့ ပြောမလို့ပါ.. ဂျိတ်မီကောင်း ဖြစ်တွားတာပေါ့.. (လွမ်းချင်းချသံ)။

    အဟမ်း.. (လေသံမာသွားပါပြီ.. အားမငယ်တော့ပါ..)။
    တိုင်းရင်းသူလေးတွေကို ဘယ်လိုအထာတွေနဲ့ ဘယ်လိုပေါက်ကရတွေ ပြောခဲ့တာပါလား.. ဟိတ် အထိ တက်တိုင် မှာနော်.. ဟဲ.. (ခြိမ်းခြောက်သံဖြင့်) ။

    အော်.. စာလာဖတ်တာ ချေးကျူးနော်..။ (နှိပ့်ချသံဖြင့်)

    မဗေဒါ (၈၈)

    ReplyDelete