တွေးမိတာလေးတွေကိုရေးမိတာပါ


အသံလေးတွေနဲ့  .....


တွေးမိတာလေးတွေ ၊ အမှတ်တရ ကြုံခဲ့ရတာလေးတွေ ၊ အမှတ်မထင်
မြင်တွေ့ရတာလေးတွေကို စာနဲ့ရေးထားရင်ကောင်းမှာပဲလို့ ...
စဉ်းစားမိတာအကြိမ်ကြိမ်ပါ ။ ဒါပေမဲ့ ထုံးစံအတိုင်း နေ့ရွှေ့၊ ညရွှေ့...
ဟိုလုပ် ဒီလုပ်နဲ့... မေ့သွားခဲ့တဲ့အတွေးကောင်းလေးတွေ .....
ဇာတ်လမ်းကောင်းလေးတွေကလည်းမနဲတော့ပါ.....
ဒီတခါတော့ .....(ကြော်ငြာကလဲရှည်ပါ့...း)     )

 ဒီလိုပါ.....

၈၈၈၈ အရေးတော်ပုံကြီးမှာ ဆန္ဒပြနေစဉ်ကတည်းက ဆုတောင်းမိတာ
လေးပါ ။ တကယ်လို့... ဆန္ဒပြနေတုံး သေနတ်နဲ့ပစ်ခံရလို့ သေသွားခဲ့သည်
ရှိသော် ဝိညာဉ်ဘဝနဲ့ပဲ နေပါရစေလို့ပေါ့ ...အဲဒါဆိုရင် စစ်အာဏာရှင်ကြီး
တွေအနား အချိန်မရွေးသွားနိုင်ပြီး စိတ်ခြောက်ခြားအောင် တချိန်လုံး ...
သူတို့ကို ခြောက်လှန့်နေမယ်...စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေမယ်
တကယ်လို့... ကောင်းကင်ဘုံကလာခေါ်ရင်တောင် ဆိုင်းငံ့ထားလိုက်မယ်။
ပြည်သူတွေလက်ထဲအာဏာမအပ်မခြင်း ၊ ပြည်သူ့အစိုးရဖွဲ့ခွင့်မရမခြင်း
ဝိညာဉ်ဘဝနဲ့နေပြီး စစ်အာဏာရှင်တွေကို စိတ်ခြောက်ခြားအောင်
လုပ်ခွင့်ရပါစေဆိုပြီးဆုတောင်းခဲ့မိတယ် ... ။

ဒါပေမဲ့ .....

တတ်သိနားလည်သူတွေကို မေးကြည့်တော့ .....
ဝိညာဉ်ဘဝမှာ....သွားချင်တိုင်းသွားလို့မရဘူး.. ကိုယ့်နေရာမှာပဲ
ကိုယ်နေရတယ်ဆိုပဲ...။
( တကယ်ဟုတ်မဟုတ်တော့မသိပါ...)

နယ်ကျော်ချင်ရင် VISA လျှောက်ရမဲ့သဘော.....ကိုယ်သွားချင်တဲ့
နေရာက ပိုင်ရာ ဆိုင်ရာကို အထာလေးနဲ့ လက်ဆောင်ပဏ္ဍာဆက်သ
ရမဲ့ သဘော ဖြစ်နေပါရောလား.........
ဒါတောင် အဲဒီလိုလုပ်လို့ ရ...မရ...
မသေခြာသေးပါ ...   ။

ဒါနဲ့ပဲ...တော်လှန်ရေးနယ်မြေကို မထွက်လာခင်မှာ...ဆုတောင်းလေးကို
ထပ်ဖြည့်ပြီး...ဆုတောင်းခဲ့ရတယ်...

”အကယ်၍...သေသွားခဲ့လျှင် ဝိညာဉ်ဘဝနဲ့ သွားချင်တဲ့နေရာကို
 သွားခွင့်ရပါစေ...အဲဒီလိုမှမရ ရင် မသေပါရစေနဲ့ဦး ” လို့ပါး)

ပြောလို့ပြောတာမဟုတ်ဖူး...အဲဒီလိုဆုတောင်းပြီးနောက်ပိုင်း...
သေရမှာ သိပ်ပြီးမကြောက်တော့သလိုပါပဲ...။ ကြောက်တော့
ကြောက်တာပေါ့ ဒါပေမဲ့ မကြောက်ဖူးလို့ပဲပြောရမလား ...း)))
မယုံမရှိကြပါနဲ့...ကိုယ်တွေ့ပါ ။

တော်လှန်ရေးနယ်မြေကိုလာတုံး လမ်းတဝက်တင်ပဲကြုံခဲ့ရတာလေး
ရေးပြပါရစေ...။
အညိုရောင်နယ်မြေလို့ ခေါ်လို့ရနိုင်တဲ့ “ချောင်းနှစ်ခွ”
ဆိုတဲ့ရွာရောက်ချိန်မှာပဲ ဗိုလ်မှုးကြီးဟောင်းစိန်မြ ရဲ့တပ်ဖြစ်တဲ့
ပြည်သူ့ကာကွယ်ရေးတပ် ( P.D.F ) နဲ့ ကျောင်းသားတပ်မတော်
( A.B.S.D.F ) တပ် တွေနဲ့တွေ့ခဲ့ရပါတယ် ။ (A.B.S.D.F) နဲ့ (P.D.F)
တပ်တွေက ၈၈၈၈ အရေးတော်ပုံကြီးကြောင့် ပေါ်ထွက်လာတဲ့
ကျောင်းသားတွေပါဝင်တဲ့ တပ်တွေဖြစ်လို့ ဒေသခံတွေက
ကျောင်းသားတပ်တွေလို့ပဲ သိကြပါတယ် ။

သူတို့ကို ပထမဦးဆုံးအကြိမ် စစ်ဝတ်တန်ဆာအပြည့်အစုံ.....
လက်နက်ကိုယ်စီနဲ့ တွေ့ရတော့ ...တွေ့တွေ့ခြင်းပဲ အရမ်းဝမ်းသာ
ဂုဏ်ယူမိခဲ့တာပါ ။ အရမ်းလဲ တက်ကြွသွားခဲ့ရပါတယ် ။
သူတို့တွေဟာ ပြည်သူချစ်တဲ့ နိုင်ငံ့သားကောင်းတွေဖြစ်နေကြပါပြီ။
သူတို့တွေဟာ...အမေ့ရင်ခွင်ထဲခေါင်းတိုးဝင် မုန့်ဖိုးတောင်းပြီးကျောင်းတက်
ရုပ်ရှင်ကြည့် ၊ လျှောက်လည်နေတဲ့ လူငယ်လေးတွေမဟုတ်ကြတော့ပါဘူး။
မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းပေးတာဝန်တွေကို ပခုံးပေါ်မှာထမ်းရင်း
ပြည်သူ့ဘဝတွေ တိုးတက်သာယာဝပြောစေဖို့ စစ်အာဏာရှင်ကိုတော်လှန်
နေတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သူရဲကောင်းတွေ ဖြစ်နေကြပါပြီ။ တဦးနဲ့တဦး
သေဖော်သေဖက်စိတ်တွေ ၊ အပြန်အလှန်လေးစားမှုတွေနဲ့ တရင်းတနှီး
ဆက်ဆံကြတာလဲတွေ့ရပါတယ်။
သူတို့တွေကိုစတွေ့ချိန်မှာပဲ...ကိုယ့်ရင်ထဲမှာလဲ စကားတွေအများကြီး
ပြောနေလေရဲ့...။

“သူရဲကောင်းတွေနဲ့ ဂုဏ်ယူစွာတွေ့ဆုံရပြီ”   လို့ .....

 ကိုယ်လဲ နဲနဲ ပါးပါး မိတ်ဆက်ပြီးတာနဲ့ သေနတ်တွေကိုင်ကြည့်...
ကျည်ထည့်တာ... ပစ်ခတ်တာတွေကို ..ရသမျှအချိန်အတွင်းအမြန်
လေ့လာနဲ့ အလုပ်ကိုရှုပ်လို့ ...။ ဟုတ်တယ်လေ...ရှေ့မှာခရီးတွေသွား
ရဦးမှာ ဘာတွေဖြစ်မလဲ ဘယ်သူပြောနိုင်တာမှတ်လို့ .....။
ဒါပေမဲ့ သူတို့ဆီမှာ သေနတ်အပို မပါလာလို့ သေနတ်တော့မကိုင်ရ
သေးဘူး ။ ကိုယ် နဲ့က ရှေ့တန်းမှာဆုံကြတာကိုး ။စခန်းရောက်ရင်တော့
ကိုယ်ကြိုက်တဲ့သေနတ်ကိုင်တဲ့ AK-47 , M-16...စသဖြင့်တခုခုပေါ့ ...
ကိုယ်ကတော့ စတွေ့တွေ့ခြင်းပဲ AK ကို ပိုပြီးသဘောကျမိတယ်။
( နောက်လဲ AK ကိုပဲ ကိုင်ဖြစ်ပါတယ် )

အဲဒီလိုနဲ့...နောက်တနေ့မနက်ရောက်တော့ “ တောင်ပေါက် ”
ဆိုတဲ့ရွာကို စထွက်ခဲ့ကြတယ်။ အဲဒီကနေ “ မြစ်ဝါးကုန်း ”ဆိုတဲ့
ရွာအပြင်ဖက်မှာ တိုက်ပွဲဖြစ်ပါလေရောလား ။ ကိုယ်တွေဖက်ကစပြီး
သွားပစ်တာ ။ န.ဝ.တ-တပ်(အဲဒီအချိန်က-န.အ.ဖ-မဖြစ်သေးပါ)
ဘက်ကလဲပြန်ပစ် ၊ လက်နက်ငယ်တွေရော ၊ လက်နက်ကြီးတွေရောပဲ။
တောင်တွေဝိုင်းရံနေတဲ့နေရာမှာ ပစ်ကြတာဆိုတော့ ရန်ကုန်မှာကြားခဲ့ဘူးတဲ့
သေနတ်သံတွေနဲ့တော့ မတူဘူး။ တောင်နံရံတွေကို ပြန်ကန်လာတဲ့
ပဲ့တင်သံတွေနဲ့ ။ ရုပ်ရှင်တွေထဲက ကြားရတဲ့အသံတွေနဲ့မတူတာတော့
သေခြာတယ်း)
ကိုယ် ကိုတိုင် ပါဝင်နေရတာကိုး ။ ပြီးတော့... လက်ထဲမှာလဲ.....
သေနတ်မရှိ ... ကျည်ဆံမရှိ ... ဓါးလေးတချောင်းတောင်မရှိး(
န.ဝ.တ- တပ်က ပစ်လိုက်လို့ ခေါင်းပေါ်ကနေ ရွှီ ကနဲ ရွှီကနဲ
ဖြတ်သွားသံတွေ ...လေထဲမှာ ဖေါက် ဖေါက် ဆိုပြီး ထပ်ပေါက်တဲ့
နှစ်ဆင့်ကွဲ ကျည်ဆံတွေရဲ့အသံတွေ ၊ မော်တာကွဲသံတွေ ...
အဲ ..... ပြီးတော့ ... ဆဲသံတွေ ...း))
ကိုယ့်ခေါင်းပေါ်က န.ဝ.တ.-တပ်ကပစ်လိုက်တဲ့ကျည်ဆံတွေဖြတ်ပြီးချိန်မှာ
တွေးလိုက်မိတာကတော့ ....
“  ဟ...ဟကောင်တွေရ သောက်ရမ်းပစ်ရသလား ထိ ထဲ့ သွားဦးမယ်ကွ”း)
ဒါပေမဲ့ ကိုယ်က ကိုယ့်ဆုတောင်းနဲ့ ကိုယ်ဆိုတော့.....
“ ဝိညာဉ်ဘဝနဲ့ သွားချင်တဲ့နေရာသွားခွင့်မရရင်ကျည်ဆံတွေလာ
  ထိခွင့်မရှိဘူးနော်.... ”   လို့တွေးမိတော့ .....
ရွှီ ... ကနဲဖြတ်သွားတဲ့ကျည်တတောင့်က .....
“ စိတ်မပူနဲ့ ... မင်းနံမည်မပါသေးဘူး ...”  ဆိုပဲ ...း)))

အဲ.....
ထားလိုက်ပါတော့ .....
အဲဒီဆုတောင်းကြောင့်လားမသိဘူး .........
ကြုံခဲ့ရတာတွေကတော့အများကြီးပါပဲ .........

ကဲ.....
အဲဒီတော့ .....
အသက်ရှင်နေတဲ့အချိန်မှာရော စစ်အာဏာရှင်ကို အသံနဲ့နှိပ်စက်တဲ့
နည်းတွေမရှိဘူးလားလို့ တွေးမိတယ် ...
ရှိပါသော်ကောဗျာ ..... အသံလွှင့်ဌာနတွေရဲ့လေလှိုင်းတွေပေါ့ ...
မြန်မာစကားနဲ့ ထုတ်လွှင့်နေတဲ့ဌာနတွေရှိနေတာပဲ ...။
ညဖက်အစီအစဉ်တွေမှာ...ညပိုင်းမှဖြစ်မှာ .....း)
ညတိုင်း ညတိုင်း ၁၀-မိနစ် (သို့ ) ၁၅-မိနစ် လောက် နေ့စဉ်
စစ်အာဏာရှင်ရဲ့နာမည် ( န.အ.ဖ-ဥက္ကဌ-နာမည် ) ခေါ်...ခေါ်...ပြီး
မေတ္တာပို့ကြရင် မကောင်းဘူးလားလို့ တွေးမိတာပါ ။
ပြည်ပရောက် ဆရာတော်ကြီးတွေက စစ်အာဏာရှင်နာမည်ကို
ခေါ်...ခေါ်...ပြီး  ဆုံးမသြဝါဒပေးတဲ့ တရားတွေ ...
ဆရာတော်ကြီးတွေပြီးရင် နောက်ရက်တွေမှာ...ပိုင်ရာဆိုင်ရာက
ဆရာသမားတွေက...စစ်အာဏာရှင်ရဲ့နာမည်ကို မကြာခဏ
ခေါ်ပြီး ... မကောင်းဆိုးဝါးတွေကိုမောင်းထုတ်တဲ့ ဂါထာတွေရွတ်ကြ ...း)))
နောက်တရက်ကြတော့ အဖွဲ့အစည်းအသီးသီးကခေါင်းဆောင်ကြီးတွေက
စည်းရုံးကြ (သို့)  အထာလေးတွေနဲ့ပြောကြ...
နောက်တရက်ကြတော့ ...
လူငယ်တွေက န.အ.ဖ ဥက္ကဌ နာမည်ကို ခဏ ခဏ ခေါ်ပြီး ...
ပြစ်ပြစ်နှစ်နှစ်... ဆဲကြ .....အဲ...   မေတ္တာပို့ကြ .....း)

အဲဒီလိုတွေးမိတာပါ .....
အဲဒီလို ညတိုင်း...ညတိုင်း အချိန်မှန်မှန်လေး .....
ဒီနေ့ ၈း၃၀ ဆို  ညတိုင်း ၈း၃၀ ဆိုရင် မြန်မာတနိုင်ငံလုံး
ည--၈း၃၀ ရောက်တိုင်း နားရွက်တောင်ခတ်ကြမယ်တောင်မထင်ဘူး
ကိုးရီးယား-တို့ ...တရုတ်ကားတို့တောင် နောက်ကောက်ကျသွားနိုင်တယ်။
အဲဒီလို ...ညတိုင်း အချိန်မှန်မှန်လေး စစ်အာဏာရှင်(နအဖ-ဥက္ကဌ)
နာမည်ကို ခဏ ခဏ ခေါ်ပြီး သြဝါဒပေးတာ ၊ အကြံပေးတာ ၊ တိုက်တွန်းတာ
စည်းရုံးတာ ...ပြီးတော့ ...အင်း ... မေတ္တာပို့တာတွေကို နေ့တိုင်းလုပ်ဖြစ်မယ်
ဆိုရင် ... တခုခုတော့ပြောင်းလဲနိုင်ကောင်းရဲ့လို့တွေးမိတာပဲဗျာ ...။

သူက နားထောင်ပါ့မလားဆိုရင် ...
မပူပါနဲ့လို့ ဆိုရမှာပါ။ တာဝန်အရ နားထောင်နေရတဲ့သူတွေ ၊
အသံလွှင့်နေသူရဲ့ စကားလုံးမှားသွားတာ ပြန်ပြင်ပြောတာ .....
စသည်ဖြင့် ... သည် ... ၏ ... မလွဲ ... မှတ်တမ်းတင်နေရတဲ့သူတွေ
ရှိပါတယ် ။ နေ့စဉ် အစီရင်ခံစာတွေထဲမှာ အသံလွှင့်ဌာနက ထုတ်လွှင့်ချက်တွေ
INTERNET ပေါ်က အကြောင်းအရာတွေက လောလောဆယ်အရမ်း
အရေးကြီးတဲ့ အစီရင်ခံစာတွေထဲမှာ ပါတယ်လို့ ကြားရတာပါပဲ ။

အဲဒီတော့ .....
အသံလွှင့်ဖြစ်ဖို့က ...ကိုယ်တွေရဲ့ အလုပ်ပါ ...။

တွေးမိတာလေးတွေကို .....
ခုမှပဲ ရေးဖြစ်ပါတော့တယ် .....
ဖတ်မိကြသူတွေအထဲမှာ ပိုကောင်းတဲ့ အတွေးတွေ အစီအစဉ်တွေ
ပေါ်လာရင်ပိုကောင်းတာပေါ့ဗျာ ။
ကိုယ့်နိုင်ငံ ... ကိုယ့်လူမျိုးအတွက်ပဲ .......  ။

အမိမြန်မာနိုင်ငံရဲ့  .....
အမျိုး  ...  ဘာသာ  .....သာသနာကို
ဖျက်ဆီးနေတဲ့ .....
လက်တဆုတ်စာ  စစ်အာဏာရှင်တွေ  မရှိမှ .....
စစ်အာဏာရှင်စနစ်မရှိတော့မှ ...
ခေတ်မှီတိုးတက်တဲ့နိင်ငံတည်ဆောက်နိုင်မယ်ဆိုတာ 
အသိဥာဏ်ရှိတဲ့  မြန်မာနိုင်ငံသားတိုင်းသိနေကြတာပါ။

နံက်စောစော ရဟန်းတော်တွေစီတန်းဆွမ်းခံကြွလာတာကိုဖူးတွေ့လိုလှပါပြီ။

မြန်မာပြည်သားတွေအကုန်လုံးပျော်ရွှင်နေတာမြင်လိုလှပါပြီ။

မိဘနဲ့သားသမီးတွေ လွတ်လပ်ပြုံးရွှင်ကြည်နူးစွာဖြင့်ပြည့်စုံသော
ထမင်းဝိုင်းလေးတွေမှာ လက်ဆုံစားသောက်နေတာတွေကို
မြင်တွေ့ လိုလှပါပြီ ...။              ။


ကိုခိုင်

၁၅-၀၅-၂၀၁၀
၃း၀၆

(မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်မြန်မြန်ကျဆုံးပါစေ)
 

1 comment:

  1. ကိုခိုင်က ဘဝအတွေ့အကြုံတွေ အများကြီးရှိမှာပဲ။
    ပြန်စဉ်းစားပြီး ဒိုင်ယာရီ သဘောမျိုး မှတ်တမ်းတင် ပါလားဗျ။
    ဒီလိုအတွေ့အကြုံမျိုးကို လူတိုင်းရဖို့မှ မလွယ်ကြတာလေ။

    ReplyDelete