မြင့်မြတ်တဲ့သူရဲကောင်းတွေပြန်လာပြီ



















မြင့်မြတ်တဲ့သူရဲကောင်းတွေပြန်လာပြီ

ကိုခိုင်


“ ကြား ” နေမိတာက...
“ နဂါးနီ ”  နဲ့  “ စည်ဗြောသံဝေ ”  ။

ကြီးမြတ်တဲ့ သူတို့ အတွက် ...
ဂုဏ်ပြု တန်ဆာဆင်မဲ့ စကားလုံးတွေကတောင်
တောက်ပြောင်အောင် လိုက်မမှီနိုင်ခဲ့ ကြစေသူတွေ ။

ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မဲ့
မောင်းပြန် မကြောက်တဲ့သူတွေ ။

(မကြာသေးခင်က)
အတိတ် ငရဲခန်းတခွင်မှာ
မဖိတ်မစင်ခဲ့တဲ့ ဇာမဏီဌက်လို လူတွေ ။

စစ်အာဏာရှင် မှိုင်း
သံမဏိတံတိုင်းတွေကို
( နှစ်ရှည်လများ)
ခေါင်းနဲ့တိုက်ခဲ့ကြသူတွေ ။

ငြိမ်းချမ်းရေးအတွက်..
အမိနိုင်ငံအတွက်..
ပြည်သူတွေအတွက်..
မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေ ။

သူတို့တွေ...
သူတို့တွေ...
မျိုးဆက်သစ်ခေါင်းဆောင်တွေ...
အနာဂါတ်ခေါင်းဆောင်တွေ...
မြင့်မြတ်တဲ့ သူရဲကောင်းတွေ ။              ။

(မြန်မာနိုင်ငံ အမြန်ငြိမ်းချမ်းပါစေ။)

ကိုခိုင်
၂၁း၃၃
၁၄.၁.၂၀၁၂

No comments:

Post a Comment