မီဒီယာ




















မီဒီယာ

မောင်ငြိမ်းလူ ( ဟယ်လ်ပင် )


နိုကီရာယဉ်ကျေးမှုနဲ့
တိုးတိုက်မိတော့
မီဒီယာဟာ
မျိုးဆက်သစ်တွားသွားသတ္တဝါဖြစ်သွားတယ် ။

နယ်ပယ်အနှံ့
သူ့ဟန်နဲ့အသံက
နံရံမဲ့စည်းမဲ့
ချဲ့ထွင်သွားတာများ
လူတွေ
အမြင်အကြားတွေကား
လူဂြိုလ်သားတဲ့ ။

အချို့တွားသွားတွေ
ဖရီး.....ဖရီးနဲ့
ဂီယာမဲ့မီဒီယာတွေလေ
ရပ်ဘရိပ်မပါ
လမ်းသလား
ချစ်သူတွေကို
အဆိတ်သင့်သွားသတဲ့...။

ငယ်လင်နဲ့.....လင်ငယ်
လွဲမှားမမြင်
အရပ်ကဆဲတော့မှ
မြတ်သမျှထဲမှာပဲ
မျက်နှာလွှဲခဲပစ်ကြတယ် ။

လယ်တဲကအပြန်
ကျူထရံကိုလာမှန်တဲ့
မီဒီယာအသံတွေကြောင့်
အင်ဖက်ပေါက်သွားတယ်
လာမဲ့မိုးခါ
ဘာနဲ့ထိုးဖာရပါလိမ့် ။

မီဒီယာထဲ
ပုလဲဝပါရင်ဖြင့်
ရှေ့နှစ်ပျိုးမချခင်
အတိုးချကြဲ
ပေါက်သွားတဲ့တဲလေး
ဖာထေးလို့အိပ်လောက်ပါရဲ့.....    ။              ။

နိုကီရာ=NOKIA
ဖရီး     =FREE
ပုလဲဝဲ  = ဓါတ်မြေသြဇာ


မောင်ငြိမ်းလူ ( ဟယ်လ်ပင် )

၃-၀၅-၂၀၁၀
၁၇း၁၀

No comments:

Post a Comment