တော်လှန်ရေးနယ်မြေမှဟာသများ(၂)




















နေကြပါဦး .....ဗျာ

ကိုခိုင်

နယ်စပ်ကစခန်းတွေမှာ...ပေါ်ပြူလာဖြစ်ခဲ့တဲ့စကားတခွန်းရှိခဲ့ပါတယ်။အဲဒီ
စကားကတော့ နောက်ပြောင်ပြီးပြောကြတာပါ။ တခုခုကို မကြေနပ်လို့ဖြစ်
စေ ၊ အလိုမကျလို့ဖြစ်စေ...ဖြစ်လာခဲ့ရင်...ပြောကြတာက...

“ ငါတော့...သတ်မိတော့မယ်...” 

...ဆိုတာပါပဲ။ အဲဒီစကားကိုကြားမိရင်...
အနီးဆုံးလူ(သို့)  အရင်ဆုံးကြားတဲ့သူက...

“ခဏတော့နေပါဦးဗျ...မနေ့က..ခင်ဗျားသတ်ထားတဲ့အလောင်းတွေတောင်
 မြေမမြှုပ်ရသေးဘူး...”

အဲဒီလိုပြောပြီး စိတ်အမောတွေကို ဖြေကြရတာပါ။ မကြေနပ်မှုတွေကို.....
ဖောက်ထုတ်ကြတာပါ ။ တဦးနဲ့တဦးလည်းစိတ်မဆိုးကြပါဘူး ...

အလားတူအဖြစ်အပျက်မျိုးလည်းယ္ခင်ကဖြစ်ခဲ့တာကို ကြားခဲ့ဖူးပါတယ်...
မ.ဆ.လ တပါတီ (တစ်ပါတီ..မဟုတ်ပါ ..း)   )ကြီးစိုးစဉ်ကာလက .....
၁၉၇၀-ခုနှစ် နောက်ပိုင်းကာလတွေမှာ မြန်မာပြည်တက္ကသိုလ်အသီးသီးက
ကျောင်းသားလူငယ်တွေဟာ အာဏာရှင်ကိုတော်လှန်ဖို့ တောခိုခဲ့ကြပါတယ်။
အဲဒီအချိန်က စစ်အာဏာရှင်ကို အခြိမ်းခြောက်နိုင်ဆုံး .. နယ်စပ်က...
လက်နက်ကိုင်တပ်တွေထဲမှာ အင်အားအကြီးဆုံး ပါတီနီကြီးတခုရဲ့.....
တပ်ဆီကိုပါ။ သူတို့တက္ကသိုလ်ကျောင်းသားတွေ ရောက်ချိန်က စပြီး ...
ပါတီက လူကြီးတော်တော်များများနဲ့..မကြာခဏ ကတောက်ကဆ မကြေ
မလည်တွေဖြစ်ကြပါသတဲ့ ။တက္ကသိုလ်ကျောင်းသား ...လူငယ်တွေက...
ခေတ်..စနစ်နဲ့ မကိုက်ညီတာတွေ၊ လက်ရှိလူနေမှုဘဝတွေနဲ့ အံမဝင်ဂွင်မကျ
ဖြစ်တာတွေ..ဆွေးမြေ့နေုပြီဖြစ်တဲ့ ဝါဒသဘောတရားတွေကို..ထောက်ပြ
ဝေဖန်..အကြံပြု..ဆွေးနွေး..တင်ပြ..(ဟူးးးးးးးးးးး) ကြသတဲ့ .....
ရွှဲ့ ပြီးတော့လည်း ပါတီလူကြီးတွေကို...အကြီးကျယ်ဆုံး..အမြင့်မြတ်ဆုံး ...
ရှေ့တန်းအရောက်ဆုံး ...ဆုံး ..ဆုံး ..ဆုံး ..ခေါင်းဆောင်ကြီးများ ..လို့လဲ
မကြားတကြားခေါ်ကြ..ပြောကြပါသတဲ့..။

ဆိုတော့ကား ..ကြာလာတော့ ..စာအုပ်နီကြီးတွေထဲမှာ..သူတို့ဘဝတွေကို
မြှုပ်နှံထားတဲ့..ပါတီလူကြီးတွေရဲ့အမြင်မှာ..သူတို့ကို လူငယ်တွေက..
“ပညာတတ်ညဉ်” နဲ့ “ကလန်” တယ်လို့ ထင်လာကြပါရောလား .....
အဲဒီတော့..“ပညာပေးသည်” ဆိုတဲ့စကားလုံးနဲ့ ..ကိုင်...ကိုင်..ပေါက်ပြီး
ပညာပေးတော့ လူငယ်တွေလဲ အတော်အလူးအလဲခံနေကြရပါတယ်...။
လူငယ်..ပညာတတ်လေးတွေကလည်း..“ပညာပေးသည်” ဆိုတဲ့စကားလုံးကို
အတော်ခါးသီးလာကြသတဲ့ ။
တနေ့မှာတော့..စာအုပ်နီလူကြီးတဦးက မျက်နှာနီနီနဲ့ မိန့်ခွန်းချွေပါလေရော..
အဲဒီမိန့်ခွန်းထဲမှာ ...

  “...မင်းတို့ရဲ့ ..ပညာတတ်..ဓနရှင်ပေါက်စအကျင့်ဆိုးတွေကို..ပပျောက်
   သွားအောင်..တင်းတင်းကြပ်ကြပ် ပညာပေးဖို့..အချိန်တန်ပြီ....”

အဲဒီလိုပါလာပြန်လေတော့...သည်းမခံနိုင်တော့တဲ့လူငယ်တဦး.....
ပြန်ပြောလိုက်တာက .....

  “ခင်ဗျားကြီးတို့ကလဲ..နေကြပါဦးဗျာ..မနေ့ကပေးထားတဲ့ပညာတွေတောင်
   သုံးလို့ မကုန်သေးဘူး ...”


ကိုခိုင်
၂၆-၅-၂၀၁၀
၁၆း၀၂

2 comments:

  1. ပညာတွေတော့ တော်တော် ပေးကြမယ့်ပုံပဲ
    လူကြီးလူငယ် တွေမှာ ဒီလို အဖြစ်များတယ်နော်

    ReplyDelete
  2. ကိုခိုင်ရေ..
    အခုပြောလို့သာရီနိုင်ကြပေမဲ့ အဲဒီအချိန်တုန်းကတော့ ခက်ခဲပင်ပန်း
    ဆင်းရဲပြီးကြမ်းတမ်းတဲ့ခရီးကိုလျှောက်နေရမယ်ဆိုတာခန့်မှန်းရပါတယ်။
    အဲဒီတုန်းကရီစရာတွေကိုမကြာမကြာတော့နားထောင်ရတယ်။ကိုခိုင်
    ပြောတာလည်းတခုပေါ့..
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete