၂၀၁၀ အချစ်
























( ၁-၀၅-၂၀၁၀ )တွင်ပြုလုပ်သော
 ဦးမောင်မောင်ငြိမ်း ( ခ )
 ဦးငြိမ်းလူ၏ နောက်ဆုံးခရီးမှ
 မှတ်တမ်းတင် ဓါတ်ပုံများဖြစ်ပါသည်။)

၂၀၁၀ အချစ်

မောင်ငြီမ်းလူ ( ဟယ်လ်ပင် )

အပြောင်းအလဲတဲ့
ချစ်သူရေ
မင်းနဲ့ငါ
သက်ဆုံးတိုင်...မပြောင်းလဲကြေးနော်

ကမ္ဘာပူနွေး
ရေခဲပျော်ရ
သစ်ခြောက်ကျိုးကျ
ဗျိုင်းအုပ်လန့်ပျံ
စသည်.....စသည်ဖြင့်.....
ညီလာခံ...။

မီးဖိုပေါ်
ဒယ်တင်ပြီးမှ
ဆီရှာမရတဲ့
တို့.....လူတွေဘဝနဲ့များ.....ကွာပါ့.....  ။

ဆရာနေဇော်နိုင်ရဲ့
သံလမ်းမဲ့ရထားမဟုတ်

လက်မှတ်ကုန်သွား
လမ်းကြောင်းပြောင်းခဲ့
ရထားထွက်မဲ့
ခရီးမှာ
စီးနင်းသူ...များလို့တဲ့...  ။

ကဆုန်မှာ...အတာကူးမှာမို့
ပြောင်းလဲဖို့ရှိသတဲ့
သိကြားမင်းက
ကျွဲစီး ဆင်းမှာနော်
တို့.....တိုင်းပြည်လုပ်
သင်္ကြန်စာရောင်းသူ့အော်သံ...။

တရုတ်တွေဒီတခါညံ့တယ်
ကျားနှစ်မဟုတ်
မျက်မမြင်ပုဏ္ဍားတွေ
ဆင်စမ်းမဲ့.....ဆင်နှစ်   ။

ဟိုမှာကြည့်စမ်း.....
ဓမ္မနဲ့လုပ်အား
ပေါင်းစပ်ထား...စိမ်းစိုနေပါရော့လား.....  ။

ဟော.....ဟိုမှာတော့
၂၀၁၀.....
အပြောင်းအလဲကို
အမြီးမှာချည်ထားတဲ့
မြွေတကောင်
ပက်ကြားအက်ထဲဝင်သွားလို့
ရှာဖို့ကြိုးစားနေသူတွေနဲ့
စည်ကားလို့နော်...  ။

ပြီးတော့...သူတို့က
မဲပြာအိုးထဲ
ကျသွားတဲ့
မြေခွေးတွေအဖော်ပြုလို့.....

ချစ်သူရေ.....
မင်းနဲ့ငါတော့
မပြောင်းလဲကြေးနော်.....

၂၀၁၀ ပဲဖြစ်ဖြစ်
 လွန်သွားတာပဲဖြစ်ဖြစ်ပေါ့.....    ။           ။


မောင်ငြိမ်းလူ ( ဟယ်လ်ပင် )

၁-၀၅-၂၀၁၀


ကိုငြိမ်း၏မိသားစုနှင့်တကွထပ်တူထပ်မျှဝမ်းနဲကြေကွဲရပါသည်။
အလေးပြုပါတယ်ကိုငြိမ်းရေ....
သူရဲကောင်းကြီး ကိုငြိမ်း
ကောင်းရာသုဂတိလားပါစေဗျာ...။ 

ကိုခိုင်

AUSTRALIA ရောက် PDF တပ်ဖွဲ့ဝင်ဟောင်းများနှင့်
မိတ်ဆွေသူငယ်ချင်းများ။

No comments:

Post a Comment