အိပ်မက်များမှနိုးထကြ.....

အိပ်မက်များမှနိုးထကြ.....


ကိုခိုင်

အမိနိုင်ငံလွတ်လပ်ရေးအတွက် ...
သူရဲကောင်းတွေအလိုရှိတယ် ။

မျိုးဆက်သစ်အတွက်
လှပတဲ့အနာဂတ်
သင့်လက်ထဲမှာပဲရှိတယ်
အလကားရမယ်တော့မထင်နဲ့ ... ။

တန်ဖိုးရှိတဲ့အရာအတွက်
ခပ်ညံ့ညံ့တွေနဲ့တော့ ...
လဲလှယ်လို့မရနိုင်ဘူး ။

ပါးပါးလေးပဲလုပ်ရင်တော့ ...
အကောင်းဆုံးရဖို့မစဉ်းစားနဲ့ ။

တယူသန်မာနတွေတော့
အချိန်မှီတားဆီးဖို့လိုမယ် ။

ဆင်ချင်တုံတရားနဲ့ညီညွတ်မှုက
အောင်ပွဲဆီသို့ခေါ်ဆောင်နိုင်တယ်
မငြင်းနိုင်ပါဘူး ... ။

ကြီးကြယ်မြင့်မြတ်ခြင်းဆိုတာ ...
သင်လည်းပိုင်ဆိုင်နိုင်ခွင့်ရှိတယ် ။

ဟေ့ .....
ယုံကြည်လိုက်ကြ
သူရဲကောင်းဆိုတာ ...
ဘယ်တော့မှမသေဘူး ... ။

သေခြာတာက ...
“သား” တွေ   ညီဖို့လိုတယ် ...
“သား” တွေ   ညီဖို့လိုတယ် ...
“သား” တွေ   ညီဖို့လိုတယ် ...  ။              ။

(စစ်အာဏာရှင်စနစ်ကျဆုံးရမည်။)
                                      

ကိုခိုင်
၅-၀၆-၂၀၁၀
၁၆း၄၀

1 comment:

  1. ကိုခိုင်

    ပြောသွားတဲ့ထဲမှာ များတို့လို သူရဲကောင်း `သား `လည်း ပါမယ်ထင်ပါတယ်.. ဟဲ.. အလကားပြောတာ..။

    သူရဲကောင်း ဆိုတာ တကယ်တော့ သိပ်ကြီးမြတ်ပါတယ်.. ။ မဗေဒါက သူရဲကောင်း မဖြစ်နိုင်တာတောင် သူရဲကောင်းတွေ အတွက် လက်ခုပ်တီးတဲ့ အဆင့်တော့ ရှိနိုင်ပါသေးတယ်.. လို့ ယုံကြည်နေရင်း.. ။
    မဗေဒါ (၈၈)

    ReplyDelete