လှပမဲ့နိဒါန်းအတွက်.....
ကိုခိုင်
ကလေးတို့ရေ .....
ဟိုးရှေးရှေးတုန်းကပေါ့
ရွှေရောင်လွှမ်းခဲ့တဲ့တို့နိုင်ငံလို့
ဆိုရတော့မှာလား .....။
လတ်တလောမှာတော့ .....
ဆူသံ..ဆဲသံ..ငိုယိုသံတွေနဲ့ နံက်ခင်းကိုအစပြုလို့ ...
ရုပ်ရှင်ထဲကတနေ့-၃-နပ်
အိပ်မက်ထဲမှာတောင်စားခွင့်မကြုံကြဘူး ... ။
အတွေးတွေထဲမှာလည်း ...
“သမာအာဇီဝ”ဆိုတာ
တောင်းစားရတာလားလို့
ဇဝေဇဝါဖြစ်နေရတဲ့ဘဝတွေများ ... ။
ရင်ထဲကမချိပေမဲ့
ချနင်းခံနေရတဲ့ သားသမီးတွေ ...
ကမ္ဘာမှာမီးလောင်တာမသေခြာပေမဲ့
အမိမြန်မာပြည်မှာတော့ ..... ။
ကြည့်ကြစမ်းပါဦး ...
ပြန်သုံးမရတဲ့အမှိုက်စုတ်တွေက
ဆူးပင်ရိုင်းတွေလိုအနှံ့အပြား
အလေ့ကျပေါက်နေသလားထင်ရ ။
ပြိုလဲအက်ကွဲနေတဲ့နိုင်ငံမှာ ...
အလုပ်အကိုင်လည်းမရှိဘူး ...
စားသောက်စရာလည်းမရှိဘူး ...
သို့ပေသော်ငြား ...
လူလိုဟစ်နေသူတွေရဲ့အိတ်တွေကတော့ ...
ကြီးမားဖေါင်းကားလို့ ...။
အခုအချိန်မှာ ...
ဂျိုးကပ်မဲ့ဟိုတစုက
ဆွေးမြေ့နေတဲ့ပဒေသရာဇ်ဝတ်ရုံကို
ဖာထေး..ခြုံ..လို့ ...
အာဏာတည်စေသောဆိုတဲ့
တချက်လွှတ်အမိန့်တွေနဲ့ကျားကန်ပြီး ...
ဆီခန်းကာနီးမီးဇာလို
“ဟုန်း” ကနဲတောက်ဖို့ကြိုးစားနေပြီဆိုတော့ကာ ..... ။
မြည်းစမ်းကြည့်ကြပါလား ...
လူ့ဘဝရဲ့အရသာတွေကို
စွန့်လွှတ်စွန့်စားမှုကိုယ်စီနဲ့ ...
ဂုဏ်ယူစွာမှတ်တမ်းတင်နိုင်ဖို့ ... ။
ပြောခွင့်ပြုပါတော့ ...
အမိနိုင်ငံတော်ရဲ့ ...
လှပမဲ့ခေတ်သစ်နိဒါန်းအတွက်
နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ဆိုတာကို ... ။ ။
(အမိနိုင်ငံတော်ကိုချစ်သူများအဖြစ်ဂုဏ်ယူနိုင်ကြပါစေ)
ကိုခိုင်
၁၆း၄၀
၉-၆-၂၀၁၀
ဟလို ကိုခိုင်
ReplyDeleteအင်း.. စားစရာမရှိ ဆိုတော့ ဘာဖြစ်လို့လည်း ..။ မဟုတ်သေးဘူးထင်တယ်.. ဆေးရိုးကို မီးလှုံနိုင်တော့ဘူးလား..။ သိတော့ပါဘူး..။ တချို့ကလည်း စက်မှုနိုင်ငံတော်ဆိုပဲ.. အလုပ် ရှိကြဘူးလား..။
ဗေဒါ (၈၈)
ကိုခိုင်...
ReplyDelete`အမိနိုင်ငံတော်ရဲ့
လှပမဲ့ခေတ်သစ်နိဒါန်းအတွက်
နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်။´ ဆိုတဲ့စာသားလေးအတိုင်း
အားလုံးသိမြင်လာဖို့ဆုတောင်းရုံသာ...
အမြဲလာအားပေးတဲ့အတွက်ကျေးဇူးတင်နေမိပါတယ်...
ခင်တဲ့
ညီမသဒ္ဓါ
နိုင်ငံရေးနဲ့ ဝေးဝေးနေချင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေ၊ နိုင်ငံမဲ့ဘဝနဲ့ သူတပါးမြေမှာ ခိုးကြောင်ခိုးဝှက်နေကြရင်း နိုင်ငံပျောက်ကလေးတွေ မွေးဖွားလာနေဆဲ။ ကြေကွဲစရာ ဗမာပြည်ရဲ့ ခရီးအဆုံးက ဘယ်မှာလဲ။
ReplyDeleteတိုင်းပြည်နဲ့ နိုင်ငံရေးကြားမှာ ကျေးဇူးတရား၊ လူမှုဂရုဏာနဲ့ ဗြဟ္မစိုရ်တရားတွေဟာ ရေထဲသဲသွန်၊ ဘယ်သောအခါကျမှ မြေဆီသြဇာ ပြည့်ဝတဲ့ သောင်ထွန်းလာမှာလဲ။ အရာရာတိုင်းဟာ အကန့်အသတ် ရှိတယ်ဆိုတာ ဆင်းရဲ ချမ်းသာ အကန့်အသတ်မဲ့ ဘဝတွေနဲ့ ပြည်တွင်း ပြည်ပ နေသားကျနေသူတွေ မေ့လျော့နေကြပြီ ထင်ရဲ့။
သတိပေးနိုးဆော်မှုတွေအတွက် ကျေးဇူးပါဗျာ။
လှပ ခေတ်မှီနေတဲ့ ကိုယ့်နိင်ငံကို မြင်ချင်လှပါပြီဗျာ
ReplyDeleteထပ်တူထပ်မျှခံစားပြီးဖတ်သွားတယ် ကိုခိုင်ရေ..
ReplyDeleteနောက်ထပ်ကဗျာလေးတွေလည်း မျှော်နေပါ့မယ်