အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နအဖ စစ်အာဏာရှင်မှ
ကြီးမှုးကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲကို ဝင်မည်မဟုတ်ကြောင်း
NLD ရုံးချုပ်၌ ၂၉-မတ်-၂၀၁၀ နေ့တွင်ပြုလုပ်သော ဗဟိုအလုပ်
အမှုဆောင်ကော်မတီနှင့် ပြည်နယ်/ တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်
ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ CEC ထဲမှ ဥက္ကဌ ဦးအောင်ရွှေ
အတွင်းရေးမှုး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍
CEC ၊ CC အဖွဲ့ဝင်များနှင့် လူငယ်ခေါင်းဆောင် ၅ ဦးအပါအဝင်
စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါအစည်းအဝေးသို့
အချက်-၆-ချက်ပါသော သဝဏ်လွှာတစောင်ပေးပို့ခဲ့ပါသည်။
အဆိုပါသဝဏ်လွှာတွင်.....
၁။ ၂၀၀၈-အခြေခံဥပဒေကို လုံးဝလက်မခံနိုင်။
NLD ၏ ရွှေဂုံတိုင်ကြေငြာချက်ကိုကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ တဖက်သတ်ရေးဆွဲထားသည့်
ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။
ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျပါ။
၃။ NLD သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပါ။
မည်သူတဦးတယောက်၏ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်ပါ။
၎။ NLD အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု
ယူဆနိုင်သည့်အလုပ်များကို လုံးဝမကြိုက်၊လက်မခံနိုင်ပါ။
၅။ ပြည်သူလူထုကိုပြောကြားလိုသည်မှာ မိမိတတ်နိုင်သမျှ
ဒီမိုကရေစီရရှိရေး ကြိုးပန်းမှုများကိုဆက်လက်
ဆောင်ရွက်သွားပါမည်။
၆။ NLD ဖျက်သိမ်းခံရလျှင် NLD ပျက်စီးသည်ဟု
မယူဆ၊ NLD ပျက်စီးသည်မဟုတ်။
ဟု ပါရှိပါသည်။
အစည်းအဝေးကို ညနေ-၅-နာရီခန့်အထိပြုလုပ်ပြီးနောက်
ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
ကြေငြာခဲ့ပါသည်။ အဆိုပါအစည်းအဝေးမှအောက်ပါ
ဆုံးဖြတ်ချက်-၂-ရပ်ကို ချမှတ်နိုင်ခဲ့ပါသည်။
၁။ နအဖ မှ ထုတ်ပြန်သောဥပဒေများအား တရားမျှတမှု
မရှိ၍ NLD အားပြန်လည်မှတ်ပုံတင်ခြင်းမပြုလုပ်ရန်
ဆုံးဖြတ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်း
သားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်
တောင်းဆိုကြောင်း ဆုံးဖြတ်သည်။
အဆိုပါကြေငြာချက်များထွက်ပေါ်ပြီးနောက် လူငယ်တဦးက
“ ရွှေ တ ရွှေ တော့ နား သွားပြီ။
နောက်တ ရွှေ ပဲ ကျန်တော့တယ်”
ဟု ဝမ်းသာအားရပြောဆိုကြောင်းသိရှိရပါသည်။
ယုံကြည်စိတ်ချရသော သတင်းများအရ
နောက် တ ရွှေ မှာလည်း စိတ်ကျရောဂါ အကြီးအကျယ်
ခံစားနေရပြီး မကြာမှီ အချိန်ကာလအတွင်း လေဖြတ်
နိုင်သော အခြေအနေရှိကြောင်းကြားသိရပါသည်။
ချုပ်၍ဆိုရပါမူ NLD အနေဖြင့် အန်တီစု
ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် တို့၏ ဦးဆောင်မှုကို
ခံယူ၍ ပြည်သူ့ရှေ့မှ ရဲရဲဝန့်ဝန့် ပြတ်ပြတ်သားသား
ရပ်တည်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ဝင်အပေါင်းအားလေးစားစွာဖြင့်ဂုဏ်ပြုမှတ်တမ်း
တင်ပါသည်။ ။
ကိုခိုင်
၃၀-၀၃-၂၀၁၀
၁၈း၄၅
(စစ်အာဏာရှင်စနစ်ကျဆုံးရမည်။)
ု
ဖတ်သွား၏ ကိုခိုင်
ReplyDeleteZaunG