အချစ်တဲ့လား

ချစ်သူလေးကပြောတယ်...

သူ့ကိုအကြာကြီးမကြည့်ပါနဲ့လား...

ဆံပင်ကိုခိုးခိုးမနမ်းပါနဲ့လား...

ခဏခဏတွေ့ဖို့မပူစာပါနဲ့လား...

သူမပါဘဲဘယ်မှမသွားပါနဲ့လား...

ထီးမပါဘဲမိုးရေထဲမသွားပါနဲ့လား...

ဆေးလိပ်မသောက်ပါနဲ့လား...

စာမကျက်ဘဲလျှောက်လည်မနေပါနဲ့လား...

ကျောင်းမပြေးပါနဲ့လား...

လ္ဘက်ရည်ဆိုင်ခဏခဏမထိုင်ပါနဲ့လား...

ဆံပင်ရှည်ရှည်မထားပါနဲ့လား...
 
ဒီ့ပြင်ကောင်မလေးတွေကိုမကြည့်ပါနဲ့လား...

.....ပါနဲ့လား.....ပါနဲ့လား.....ပါနဲ့လား.........

ချစ်စရာကောင်းတဲ့မျက်နှာလေးရယ်

ထူထဲမဲနက်နူးညံ့တဲ့ဆံပင်ရှည်တွေကိုရမ်းပြီး

ချိုသာတဲ့အသံလေးနဲ့

ခေါင်းလေးငဲ့

အပြုံးလေးဆင့်ပြီးပြောပြီးတဲ့နောက်.....

အဲဒီနောက်တော့.........

အဲဒီနောက်တော့.........

သူငယ်ချင်းတို့ရေ.........

ကြည်နူးစွာနဲ့

ကြေကြေနပ်နပ်အရှုံးပေးကြသူတွေအဖွဲ့မှာ

ဒီငနဲကိုလည်း.........

စာရင်းတို့လိုက်ကြပါတော့         ။            ။


(ချစ်တတ်သူတဦးအတွက်ရယ်ပါ)

ကိုခိုင်
၁၉-၀၃-၂၀၁၀
(၂၀း၁၆)


4 comments:

  1. ချစ်တတ်သူတယောက်လာဖတ်သွားတယ်ဗျ

    ReplyDelete
  2. ကိုခိုင်ရေ......
    ပညတ်တော် အပါး တစ်ထောင်လောက်ရှိမယ်......။
    အဲ့ဒါတွေကြောက်လို့ တစ်ကိုယ်တော်ရွက်လွှင့်နေတာလေ....ဟီးဟီး....
    အခုဆို အေးဆေးပဲလေဗျာနော်........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. စာရေးနေချိန် မျက်နာကတော့ ပြုံးပြုံးကြီး ဖြစ်နေမှာ မြင်ယောင်သေး ။
    ဒီလိုမျိုးလေးတွေနဲ့ပဲ ချည်နှောင်ခံချင်ကြတာပါပဲလေ ။

    ReplyDelete
  4. ပညတ်တော် ၁၀ ပါးထက် ဆိုးနေပြီ...

    ပြုံးပြုံးကြီး ဖြစ်နေမယ် ဆိုတာတော့ ဟုတ်လောက်တယ်ဗျ..

းဝ)

    ReplyDelete