နအဖဥပဒေ အလိုမရှိ

တချက်လွှတ်အမိန့်တွေနဲ့သာအုပ်ချုပ်နေတဲ့နိုင်ငံမှာ

တရားမဝင်တဲ့စစ်အာဏာရှင်က

ဥပဒေစကားတွေပြောတော့

နတ်စကားတွေထွက်နေတာလားဆိုပြီး

ပြည်သူတွေက ဟား တယ် ။


တန်ဖိုးရှိတဲ့အရာပေါ်မှာ

တန်ဖိုးမဲ့သူတစုကထိုင်နေကြတော့

ကျက်သရေယုတ်ရသလားဆိုပြီး

ပြည်သူတွေက ပွါး တယ် ။


လပေါ်ကိုခရီးသွားနေကြတဲ့ခေတ်မှာ

နာဂစ်ဥပဒေကိုပိုက်လို့

သက်ဦးဆံပိုင်ဘုရင်စနစ်ဆီကိုပြန်သွားဖို့ကြိုးစားရင်တော့

(မကြာခင်မှာ)

ပြည်သူတွေက နား ခိုင်းလိမ့်မယ် ။            ။


ကိုခိုင်
၁၁-၀၃၀၂၀၁၀(၁၉း၃၀)ဆစ်ဒနီ

2 comments:

  1. ရှင်းနေတာပဲ ကိုခိုင်ရေ တကယ်တန်း လွတ်လပ် မျှတ တာ လုပ်ချင်တဲ့ သဘောမရှိမှန်း စတည်းက အသိသာကြီးပါ။

    နေ့တိုင်းနေ့တိုင်း သွေးရူးသွေးတန်းနဲ့ ဖမ်းလို့ ဆီးလို့ မ၀နိုင် ထောင်ချလို့ မပြီးနိုင်သေးတာကိုး။

    ဒီလို လုပ်နေလေ သူတို့ နိဂုံး နီးလေ ပါပဲ။

    မအယ် ၀င် ပွားသွားပါတယ်။

    ReplyDelete
  2. ဟုတ်ပါ့ အန်တီမအယ်ရေ။
    လာ ပွါး သွားတာကျေးဇူးပါ။
    နောက်လဲလာပွါးဖို့ဖိတ်ခေါ်ပါတယ်။

    ReplyDelete