ဆန္ဒ

ငါသာသြဇာရှိတဲ့ရဟန်းတပါးဖြစ်ခဲ့ရင်

ပြည်သူတွေကိုမေတ္တာထားဖို့

စစ်အာဏာရှင်တွေကိုဟောပြောလိုက်ချင်ရဲ့ ။


ငါသာ.....

သူတို့မိဘဖြစ်ခဲ့ရင်   
              
ကိုယ့်ကိုကိုယ်သတ်သေလိုက်ချင်ရဲ့ ။


ငါသာ.....

သူတို့ဆရာဖြစ်ခဲ့ရင်

ကြိမ်နဲ့ရိုက်ပြီးဆုံးမလိုက်ချင်ရဲ့ ။


ငါသာ.....

သရဲတကောင်ဖြစ်ခဲ့ရင်

သူတို့အမြဲစိတ်ခြောက်ခြားအောင်ခြောက်လှန့်နေချင်ရဲ့ ။


ငါသာ.....

ဘီလူးတကောင်ဖြစ်ခဲ့ရင်

သူတို့အရေခွံတွေကိုစုတ်ဖြဲပြစ်လိုက်ချင်ရဲ့ ။


ငါသာ.....

အဆိပ်ရည်ဖြစ်ခဲ့ရင်

သူတို့ပါးစပ်ထဲခုန်ဝင်လိုက်ချင်ရဲ့ ။


ငါသာ.....

တန်ခိုးရှင်ဖြစ်ခဲ့ရင်

သူတို့တွေကိုရက်ရက်စက်စက်အပြစ်ပေးလိုက်ချင်ရဲ့ ။


ငါသာ.....

သန်မာတဲ့ဌက်တကောင်ဖြစ်ခဲ့ရင်

သူတို့တွေကိုကုတ်ချီပြီး.....

လူတွေနဲ့အဝေးမှာပြစ်ချထားခဲ့ချင်ရဲ့ ။


ငါသာ.....

ဗုံးတလုံးဖြစ်ခဲ့ရင်

သူတို့စည်းဝေးနေချိန်မှာပေါက်ကွဲလိုက်ချင်ရဲ့ ။


ငါသာ.....................။            ။


( ကိုဖုန်းမော် နှင့်တကွ
  ကျဆုံးခဲ့သောသူရဲကောင်းအပေါင်း
  ကောင်းရာသုဂတိလားကြပါစေဗျာ)


ကိုခိုင်
(၁၃-၀၃-၂၀၁၀)
(၁၃း၁၄)

4 comments:

  1. ဆန္ဒတွေနဲ့ မွမ်းမံထားတဲ့ ကဗျာလေးကို ကြိုက်တယ် ကိုခိုင်

    ZaunG

    ReplyDelete
  2. လာလည်ကြတာကျေးဇူးပါ။

    ReplyDelete
  3. ငါ ယုံကြည်ထားတယ် ....... ယုံကြည်ထားတယ် ငါ ။ (:

    ReplyDelete