FREEDOM


















ခေါင်းပေါ်ကဆံပင်တွေကကောင်းကင်သို့မျက်နှာပြု

ဦးဏှောက်တွေကဆူပွက်နေ

နီရဲနေတဲ့မျက်လုံးတွေကကျွတ်ထွက်လုမတတ်

ကြိတ်ထားတဲ့သွားတွေကအမှုန့်ဖြစ်နေချိန်

ပြင်းထန်တဲ့အသက်ရှုသံကမြန်လာ

ဆုတ်ထားတဲ့လက်သီးကကြိုးကြိုးကျေ

ခန္ဒာကိုယ်ရဲ့အသားဆိုင်တွေကအက်ကွဲလာပြီး

ပေါက်ကွဲတော့မဲ့နှလုံးသားနဲ့

ထစ်ချုံးတဲ့မိုးကြိုးသံလိုမျိုး

စင်္ကြာဝဌာတခုလုံးကြားအောင်

ကြုံးအော်လိုက်တယ်.......

FREEDOM .........


(၁၉၈၈-မတ်-၁၆-ရက်နေ့တွင်ကျဆုံးသွားကြကုန်သော
 သူရဲကောင်း ကျောင်းသားကျောင်းသူများ
 ကောင်းရာသုဂတိလားကြပါစေ)

ကိုခိုင်
(၁၆-၀၃-၂၀၁၀)
၁၆း၂၀

No comments:

Post a Comment