မျိုးဆက်သစ်တို့လက်ထဲမှာ...
ကိုခိုင်
လွတ်လပ်တဲ့နိုင်ငံတော်သစ်ရှိတယ် ။
မျိုးဆက်သစ်ဂုဏ်
ဖြုစင်စွာမွေးဖွါး
မြင်ြ့မတ်စွာကြီးထွါးဖို့လိုတယ် ။
အတ္တမာနတွေတော့ဖြုတ်ထားခဲ့လေ..
ကွန်ပြူတာနဲ့တွက်ဖို့မလိုပါဘူး
ဆင်ခြင်တုံတရားရှိဖို့လိုတယ်
မငြင်းနိုင်ပါဘူး..။
ခုချိန်ခါမှာ .....
လက်မောင်းသွေးဖောက်ပြီး ..
သစ္စာရည်သောက်တဲ့ခေတ်မဟုတ်တော့ပေမဲ့
အသက်ထပ်ပြီးကတိတွေပေးကြတဲ့အခါ
ဂုဏ်သိင်္ခါလည်းကပ်ပြီး..ပါ..ပါစေ။
ပုံမှန်ရှင်းနေရတဲ့
ဦးဏှောက်ရဲ့အခန်းတွေထဲ
သစ္စာတရားတွေလည်းနေ့စဉ်ဖြည့်နိုင်ကြပါစေ ။
စုတ်ဖြဲ..မီးရှို့..မြေမြုပ်..ပစ်ရမဲ့အထဲ
မျိုးဆက်ဟောင်းကြီးတွေရဲ့
အာဏာရှင်ဆန်တာတွေ...
အကျင့်စရိုက်ဆိုးတွေကို...
စာရင်းတို့ထားကြ ။
ဦးပုတ်စောင့်နေတဲ့..ကျား..တွေနဲ့
ဆား..ချက်နေတဲ့သူတွေအနား
ယောင်လို့မှမသွားမိကြစေနဲ့။
အမြင်တွေမတူကြလို့
ပါလီမန်ဒီမိုကရေစီခေတ်က
လွှတ်တော်ထဲ.. ဖဲ.. ထီးနဲ့ထိုးတဲ့အကြောင်း
ဘန်ကောက်အစည်းအဝေးတွေကရိုက်ပွဲတွေအကြောင်း
မျိးဆက်ဟောင်းကြီးတွေကပြောပြကြတဲ့အခါ..
ခပ်တိုးတိုးလေး
လေချွန်လို့သာနေလိုက်ပါ ။
မိုက်မိုက်မဲမဲရိုးသားနေကြတယ်လို့
ဆိုချင်သူတွေဆိုကြပါစေ..
အချိန်ရောက်လာလို့ ကိုယ်တိုင်လုပ်ခွင့်ရတာ
ဂုဏ်ယူစရာတခု..။
လျှောက်လှမ်းရမဲ့ခရီးကြမ်းထဲ
ရက်စက်မှူတွေနဲ့ကြုံတဲ့အခါ
အလံဖြူလဲထောင်မှာမဟုတ်သလို
ကြိုးဝိုင်းထဲကို..ပုဝါ..ပစ်တင်ဖို့လဲစိတ်ကူးမရှိကြောင်း
အာဏာရှင်ကို..မောင်း..ခတ်လိုက်ပါ ။
“ ဥပဒေ ” လို့ဆိုလိုက်တိုင်း
တီကောင်လေးတွေလိုတွန့်မသွားကြနဲ့..
အရည်ကြိုသောက်ချင်သောက်
အမှန်တရားတွေကိုဦးဏှောက်မှာသိုလှောင်ထားပြီးရင်
ကျန်တာတွေကို..ပင်လယ်ထဲမျှောလိုက်ကြရုံပေါ့ ။
အရေးကြီးတာက
အတွေးတူရင်
အရေးလည်းတူမယ်ဆိုတာ..
ဘုရားသား..ကျောင်းသား..စစ်သား..
ခွဲခြားနေရမဲ့အချိန်မဟုတ်ဘူး..
ဦးဏှောက်ခြင်းဆက်
နှလုံးသားခြင်းနားလည်
ခိုင်မြဲတဲ့လက်တွေချိတ်ပြီးတဲ့အခါ..
ဘာလိုဦးမှာလဲ ။
သေခြာတာက...
မျိုးဆက်သစ်ဆိုတာ
အနာဂါတ်တွေဖြစ်တယ်..
အနာဂါတ်ဆိုတာ
မျိုးဆက်သစ်တွေဖြစ်မယ်..။
ဘယ်သူငြင်းနိုင်မှာလဲ...
မျိုးဆက်သစ်တို့လက်ထဲမှာ
လွတ်လပ်တဲ့နိုင်ငံတော်သစ်ရှိတယ် ။ ။
ကိုခိုင်
၂၇-၃-၂၀၁၁
၁၃း၅၀
ကိုခိုင်
ReplyDeleteခနရောက်ခဲ့ပါတယ်.။ ကဗျာကိုဖတ်ပြီး လက်တွေချိတ်ခဲ့.နှလုံးသားတွေ
နားလည်ခဲ့ကြတာကို အမှတ်ရမိပါတယ်.။
ခုတော့ထပ်တူဆုတောင်းနေရုံပေါ့.။
ကျန်းမာရွှင်လန်း စိတ်ချမ်းသာပါစေ...။
ခင်မင်လေးစားလျက်
သဒ္ဓါ
ကိုခိုင်ရေ..
ReplyDeleteမရောက်တာကြာပြီ..
ကောင်းလိုက်တဲ့ ခံစားမှု... ကဗျာလေး... အလံဖြူလည်း မထောင်ပါဘူး..ပုဝါလည်း မပစ်တင်ပါဘူး.. လေပဲ ချွန်နေလိုက်တော့မယ်စိတ်ကူးတယ် ကိုခိုင်ရေ..။
မဗေဒါ (၈၈)