လဇူလိုင်ကိုရဲဝံ့သူသာပိုင်တယ်
မောင်ငြိမ်းလူ (ဟယ်လ်ပင်)
အလေ့ကျမှိုမဟုတ်
ပါဖောမင့်မှိုပွင့်တွေကများ.....
ဆေးထိုးခံထားတဲ့သစ်သီးကျ
ဈေးကြီးပြန်ရော
ရောဂါထူပြောတဲ့လောကမှာ
ကျုပ်တို့ပြည်မှ
နလံထတောင်ဖြစ်ခွင့်မရ
လကွေးကွေးကနမ်းပေမဲ့
ည မအေးချမ်း
အသဲကွဲနေတဲ့မြို့ပြနိုင်ငံမှာ
အမှိုက်သရိုက်ဆန်သူတွေပဲ
ကြီးစိုးတယ်
ဆွံ့ အ နားမကြား ကျောင်းမှာ
ဘယ်သူခေါင်းလောင်းထိုးတာလဲ
ရှေ့မတိုးရဲသူတွေကို
အပြောင်းအလဲတရားမှာ
ချန်ထားခဲ့တာ
တရားတယ်
မုတ်သုန်ကတိုးဝှေ့
အချိုးအကွေ့ကို
တက်နဲ့လှော်
လမ်းပေါ်မှာမိုးစက်နဲ့
မျက်ရည်နှော
ဒီဇူလိုင်ဟာ
ရဲဝံ့သူသာပိုင်ဆိုင်တယ်
ထလည်းထကြွတယ်
လှလည်းလှပတယ်။
အဲဒီလမှာပဲ
အသိုက်ပြိုတဲ့
ဌက်တွေဟာ
မျိုးဆက်သစ်တွေမွေးဖွါးမြဲ
မိုးထဲရေထဲမယ်..... ။ ။
မောင်ငြိမ်းလူ(ဟယ်လ်ပင်)
ဦးမောင်မောင်ငြိမ်း (ခ) ကဗျာဆရာဦးငြိမ်းလူ
အသက် (၄၃) နှစ်
P.D.F တပ်မှုး
နိုင်ငံရေး / စစ်ရေးဦးဆောင်ကော်မတီ
အထွေထွေအတွင်းရေးမှုး
ရိုးမ (၃) သတင်းဌာနအယ်ဒီတာချုပ်
ABSDF ဒုတပ်ရင်းမှုး
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု(FDB)
မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်
ABSDF ဒုတပ်ရင်းမှုး
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု(FDB)
မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်
ကိုငြိမ်း ၂၉-၀၄-၂၀၁၀ နေ့က
ကွယ်လွန်သွားသည့်အတွက်
မိသားစုနှင့်ထပ်တူထပ်မျှ
ဝမ်းနည်းကြေကွဲရပါသည်။
ကိုငြိမ်း အားရည်စူး၍ P.D.F တပ်ဖွဲ့ဝင်ဟောင်းများနှင့်
မိတ်ဆွေသူငယ်ချင်းများက အလှုဒါနပြုလုပ်ရန်
စီစဉ်လျှက်ရှိပါသည်။
AUSTRALIA ရောက် PDF ရဲဘော်ဟောင်းများနှင့်
မိတ်ဆွေသူငယ်ချင်းများ ။
ကိုငြိမ်း
ကောင်းရာသုဂတိလားပါစေ။
၂၂း၅၀
No comments:
Post a Comment