ဘယ်လောက်ကောင်းမလဲ ၂၀၁၀

-ရွေးကောက်ပွဲအစား...
စားပွဲဝိုင်း တွေမှာ ဆွေးနွေး ကြမယ် ဆိုရင်...

-တိုက်ခိုက်မှုတွေအစား...
ငြိမ်းချမ်းရေး တွေနဲ့ အစားထိုးမယ် ဆိုရင်...

-ဖမ်းဆီးမှုတွေအစား...
လွတ်ငြိမ်းခွင့် တွေကို မြင်ရမယ် ဆိုရင်...

-ငိုကြွေးသံတွေအစား...
ရယ်မောသံတွေ ကျယ်လောင်နေမယ် ဆိုရင်...

-အမျက်ဒေါသတွေအစား...
ကြင်နာမှုတွေ လွှမ်းခြုံနေမယ် ဆိုရင်...

-ဆာလောင်မှုတွေအစား...
ထမင်းဝိုင်းတွေမှာ ပြည့်စုံမှုတွေ ရှိနေမယ် ဆိုရင်...

-အာဏာရှင်တွေအစား...
ပြည်သူ့အစိုးရတွေ ပေါ်ထွက်လာမယ် ဆိုရင်...

-ခွဲခွါမှုတွေအစား...
မိသားစုတွေ ပြန်လည်ဆုံတွေ့ရမယ် ဆိုရင်...

-ဆိုရင်...

-ဆိုရင်...

-ဆိုရင်...

-၂၀၁၀...ရေ...
လှိုက်လှိုက် လှဲလှဲ ကြိုဆိုလိုက်ပါရဲ့။ ။

ကိုခိုင်






























4 comments:

  1. Nice poem! I like background color and font color. But I think, font size is a little too big. The next lower size would be nicer???????

    ReplyDelete
  2. Sint
    လာလည်တာ ကျေးဇူးပါ။

    ReplyDelete
  3. ကဗျာကို သဘောကျမိတယ် ကိုခိုင်...

းဝ)

    ReplyDelete
  4. ကိုလူထွေး
    လာလည်တာကျေးဇူးပါ။

    ReplyDelete