-စက္ကူစုပ်လောက်တောင်တန်ဖိုးမရှိတဲ့
နာဂစ်ဥပဒေမှာ
ဘာမှမရှိဘူး ။
-တမတ်ဖိုးထဲပါဆိုပြီး.....
တကျပ်ဖိုးမက သိမ်းယူမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-အရပ်သားအစိုးရပါဆိုပြီး.....
ဗိုလ်ချုပ်ကြီးတွေသာ ကြီးစိုးစေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-လွှတ်တော်တွေနဲ့ပါဆိုပြီး.....
အမတ်တွေအတွက်လုပ်ပိုင်ခွင့်မရှိစေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-တိုင်းရင်းသားအခွင့်အရေးပေးထားပါတယ်ဆိုပြီး.....
သူတို့တွေရဲ့အမိန့်အတိုင်းသာလုပ်ဆောင်ရမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-ပြင်ဆင်ခွင့်ရှိပါတယ်ဆိုပြီး.....
သူတို့ထောက်ခံမှဖြစ်နိုင်စေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-သမ္မတရှိပါတယ်ဆိုပြီး.....
ကာကွယ်ရေးဦးစီးချုပ်ကအုပ်ချုပ်မဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-ဥပဒေနဲ့အုပ်ချုပ်မှာပါဆိုပြီး.....
ဦးစီးချုပ်က တရားဝင်အာဏာသိမ်းနိုင်စေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-အစိုးရအဖွဲ့ရှိပါတယ်ဆြို့ပီး.....
ဦးစီးချုပ်ကသာ စစ်တပ်ကိုကြိုးကိုင်နိုင်စေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-မျှတတဲ့ဥပဒေတွေပါလို့ဆိုပြီး.....
သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်ကာကွယ်ပေးထားမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-ကဲ.........
-အဲဒီဥပဒေတွေကို.....
နဝေ တိမ်တောင် ဖြစ်နေစရာမလိုဘူး
လက်တလုံးခြားလုပ်တယ်ဆိုတာ
နာဂစ်ဥပဒေကိုခေါ်တာ.....။
-သေခြာတာက.....
ဗိုလ်ချုပ်ကြီးတွေနဲ့
အခွင့်အရေးသမားတွေအတွက်ကလွဲပြီး
ဘာမှမရှိဘူး.....
နာဂစ်ဥပဒေအလိုမရှိ ။ ။
-ကိုခိုင်
၂၇-၀၂-၂၀၁၀
(မြန်မာပြည်တွင်
စစ်အာဏာရှင်စနစ်
မြန်မြန်ကျဆုံးပါစေ)
ဒီလိုဆို အီရန်လို ရွေးကောက်ပွဲတခါလုပ်လိုက် သူပဲ ပြန်နိုင်လာလိုက် ဖြစ်တော့မှာပေါ့...
ReplyDeleteဆန့်ကျင်သူတွေ လမ်းပေါ်ထွက်တဲ့အခါ သေနတ်နဲ့ပစ်သတ်တာ ဒီမိုကရေစီ အစိုရလား...
နာဂစ်ဥပဒေ အလိုမရှိ။
နားဂစ်ဥပဒေ ဆိုတော့ လူသေလောင်းတွေ ထပ်နေတော့မှာပဲ။
ReplyDeleteမအယ်
စာလာဖတ်ပါတယ် ကိုခိုင်။ တရားဥပဒေအထက်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ နာဂစ်ဥပဒေပါ။
ReplyDeleteလာလည်ကြတာကျေးဇူးပါဗျာ။
ReplyDelete