သမတကြီးကိုပြောပေးပါ။

သမတကြီးကို ပြောပေးပါ။

ကိုခိုင်


ကိုမင်းကိုနိုင်နှင့်တကွ ကျောင်းသားခေါင်းဆောင်များ ကျောင်းသူခေါင်းဆောင်များ
နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တဲ့အတွက်
အထူးပင် ကျေးဇူးတင်ရပါကြောင်းးးး

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ကိုလည်း
မကြာခင် လွှတ်ပေးမည်ဟု မျှော်လင့်မိပါကြောင်းးး

တလက်စတည်း ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုတာကြီးကိုပါ အဝေးဆုံးသို့ လွှင့်ပစ် သို့တည်းမဟုတ်
မီးရှို့လိုက် စေလိုပါကြောင်းးး

ကာ-ချုပ် အပြင်သွားတုံးလေး အမြန်လုပ်လိုက်စေလိုပါကြောင်းးး
အဆိုပါ နာဂစ် ဥပဒေကို ဖျက်သိမ်းကြောင်းကြေငြာလိုက်ပါက
နောင်လာမည့် ဒီမိုကရေစီ ပညာရေးစနစ်တွင်
သမတကြီး၏ အကြောင်းကို တက္ကသိုလ် သင်ရိုးညွှန်းတန်းတွင်
ထည့်သွင်း ဖေါ်ပြပေးပါမည် ဖြစ်ပါကြောင်းးး

လူ များ သာဓုခေါ် နေချိန်တွင်
နတ် များပါ သာဓု ခေါ်ဆိုလာနိုင်ရန် အလားအလာ
များစွာရှိပါကြောင်းးး


(မြန်မာပြည် အမြန် ငြိမ်းချမ်းပါစေ။)


ကိုခိုင်
၁၃-၁-၂၀၁၂
၂၂း၅၀

No comments:

Post a Comment