အမှတ်ရတဲ့စာမျက်နှာ
မောင်ငြိမ်းလူ (ဟယ်လ်ပင်)
အပျော်စီးသင်္ဘောပေါ်က
လူတွေကိုသရော်တာလား.....
နေ့
ထားလိုက်စမ်းပါ
ရေတက်ရေကျက
သဘာဝတရားကို
တိုက်စား
တသက်လုံး
လောက်စာလုံးမမြင်ဖူးတော့
ပြောရခက်သား
ဒါနဲ့...ပျံလေတဲ့ဌက်ခါး
နားခါမှသိမယ်ဆိုပဲ...။
မုန်တိုင်းက.....
အရင်လာတာလား
လေပြေ
အလင်းနှစ်နဲ့ချီ
သယ်ဆောင်လာတာ
လွတ်မြောက်ခြင်း...။
ထွင်းလှေနဲ့လား
စပ်လှေလား
သွားမယ်.....
ရှေးရေစက်ကံမကုန်တာ
သူပုန်ထခြင်း...။
တက်ခုတ်ရင်း
သွားကြားထိုးတံဖြစ်သွားတဲ့
သမိုင်းတွေကို
နိဂုံးမချုပ်ပရစေနဲ့.....။
ဘုရားဖူးသွားရင်
ကလေးတွေခြောက်ဖို့
စက္ကူကျားတွေ
အကောင်ပေါက်ကစရှိတယ်လို့ပြောလိုက်ရုံ...
အချိုးအကွေ့တိုင်းမှာ
လှိုင်းဒဏ်နဲ့ရင်ဆိုင်....
ဝိုင်တခွက်-မယိမ်းမယိုင်
သင်္ဘောပေါ်
ထိုင်လိုက်သွားပါစေ.....
သူ့မှာ.....
အကွေ့နဲ့နေ့လည်းရှိ
ညတော့ရှိတယ်
လမရှိပြန်ဘူး.....
တို့အတွက်တော့
တက်ကျိုးရင်
လှော်ဖို့
လက်ထိုးဖော်သာအရေးကြီးတယ်... ။ ။
မောင်ငြိမ်းလူ (ဟယ်လ်ပင်)
၁-၀၅-၂၀၁၀
ကိုငြိမ်း၏နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ခွင့်မရသည့်အတွက်
ခွင့်လွှတ်ပါ ကိုငြိမ်းရေ...
မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါသည်။
အဝေးတနေရာကပဲ အလေးပြုခွင့်ပြုပါတော့..... ။
ကောင်းရာသုဂတိလားပါစေဗျာ ။
AUSTRALIA ရောက် PDF ရဲဘော်ဟောင်းများနှင့်
မိတ်ဆွေသူငယ်ချင်းများ ။်
No comments:
Post a Comment