စည်းကမ်းရှိပါ။ ညီညွတ်ကြပါ။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားခေါင်းဆောင်ကြီးနှင့်မြန်မာ့
တပ်မတော်ကို စတင်ဖွဲ့စည်းတည်ထောင်သူ တပ်မတော်၏ဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးထွေးဖြစ်ပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး
နိုဘယ်လ်ဆုကို ရရှိခဲ့ပါသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်သည် နာမည်ကြီးကမ္ဘာ့တက္ကသိုလ်များမှ
တန်ဖိုးထား ချီးမြှင့် ဂုဏ်ပြုသော ဂုဏ်ထူးဆောင်ဘွဲ့များ ၊ ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့များကို ၅၀ ကျော်ရရှိခဲ့ပါသည်။
၎။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာ
ခေါင်းဆောင်များကပါ လေးစားကြည်ညိုချစ်ခင်ရသူဖြစ်ပါသည်။
၅။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံနှင့်ထိုက်တန်သော
ကမ္ဘာ့အဆင့်အတန်းမှီ ခေါင်းဆောင်တဦးဖြစ်ပါသည်။
၆။ ဒေါ်အောင်ဆန်းစုကြည်သည် စည်းကမ်းရှိရန် ၊ ညီညွတ်ရန် ၊ တရား
ဥပဒေကို လေးစားလိုက်နာရန် မြန်မာနိုင်ငံသားများကိုသာမက
မြန်မာစစ်အာဏာရှင်များကိုပါ လိုက်နာ ၊ ပြောဆို ၊ ညွှန်ပြ၍
လေ့ကျင့်ပေးနေသူဖြစ်ပါသည်။
၇။ ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များကို လေးစားတန်ဖိုးထား
တတ်သူတဦးဖြစ်ပါသည်။
၈။ ဒေါ်အောင်ဆန်းစုကြည်မှတပါး မည်သူမျှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး
တရားဥပဒေစိုးမိုးရေး ၊ တိုးတက်သာယာဝပြောရေးကို ဆောင်ရွက်
နိုင်မည်မဟုတ်ပါ။
၉။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကိုခံယူပြီး မြန်မာနိုင်ငံတော်
ငြိမ်းချမ်းသာယာဝပြော၍ ကမ္ဘာ့အဆင့်အတန်း မှီနိုင်စေရေးအတွက်
မြန်မာနိုင်ငံသားများနှင့်အတူ မျိုးချစ်တပ်မတော်သားများပါ တက်ညီ
လက်ညီ ပူးပေါင်းဆောင်ရွက်ကြပါလျှင် မဝေးလှသောကာလ၌ ပြုံးပျော်
ရွှင်နေကြသော ပြည်သူလူထုကို နိုင်ငံအနှံ့ မြင်တွေ့ရလိမ့်မည်ဟု
ယုံကြည်မိပါသည်။ ။
အမိမြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှအမြန်ဆုံး
လွတ်မြောက်ပါစေ။
အန်တီစု အမြန်ဆုံးလွတ်မြောက်ပါစေ။
(အန်တီစု ဓါတ်ပုံကို အသိတယောက်ထံမှရရှိပါသည်
ဖန်တီးသူကိုကျေးဇူးတင်ပါသည်။)
ကိုခိုင်
၂၇-၀၃-၂၀၁၀
၂၃း၄၀
Labels:
အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment