ပြည်တွင်းက သူရဲကောင်းတွေ ဆုံကြမယ်














ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(၂၀၀၇)၏
နှစ်ပါတ်လည် အခန်းအနားသို့ ကြွရောက်ပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်   ။ ၂၈-ရက်၊ သြဂုတ်လ၊ ၂၀၁၁-ခုနှစ်။
အချိန်     ။ ၁း၀၀ မှ ၃း၀၀ အထိ
နေရာ     ။ Dr. နေဝင်း+ဒေါ်သန္တာ နေအိမ်။
               အမှတ် ၂၂၄/ခ ၊ သီရိမင်္ဂလာလမ်း(ဂျပန်လမ်း)
              ရွာမအရှေ့ရပ်ကွက် ၊ အင်းစိန် ။

* အင်းစိန် ဖော့ကန် ဒညင်းကုန်း ရောက်သည့်ကားများစီး၍
  ဂျပန်မှတ်တိုင်ဆင်းပါ။

( ဦးမြင့်စိုး-Facebook-မှသတင်းကို မျှဝေပါသည်။ )

ခင်ဗျားနဲ့ကျွန်တော်

OUR FUTURE 
BELONG TO FREEDOM
ITS DOES NOT BELONG TO FEAR


ခင်ဗျားနဲ့ကျွန်တော်

ကိုခိုင်

ခင်ဗျားနဲ့ကျွန်တော်
ရိုးသားမှူပေါ်မှာ
နားလည်မှုတွေဆင့်ပိုးပြီး
ယုံကြည်မှုတွေနဲ့တည်ဆောက်ပြီးတဲ့အခါ
ဒီခရီးလမ်းကိုလျှောက်ကြမယ်။

ခင်ဗျားနဲ့ကျွန်တော်
ရင်နဲ့အမျှ
ဘဝင်မကျခဲ့ရတာတွေကိုနောက်ထားလို့
ဒီခရီးလမ်းကိုလျှောက်ကြမယ်။

ခင်ဗျားနဲ့ကျွန်တော်
အပြစ်အနာတွေဖြောက်
သစ္စာရေတွေသောက်ပြီးရင်
ဒီခရီးလမ်းကိုလျှောက်ကြမယ်။

ခင်ဗျားနဲ့ကျွန်တော်
အတွေ့အကြုံနဲ့အတွေးအခေါ်တွေပေါင်းစပ်
အတတ်ပညာနဲ့ဆင်ခြင်တုံတရားရောလျှက်လို့
မဟာဗျူဟာနဲ့နည်းဗျူဟာတွေကိုတည်ဆောက်ပြီးတဲ့အခါ
ဒီခရီးလမ်းကိုလျှောက်ကြမယ်။              


ရှေ့ကလာမဲ့မြားတွေရော
နောက်ကလာမဲ့ဓါးတွေပါ သတိထားကြရလိမ့်မယ်။

ကျွန်တော်ကရှေ့ကနေလမ်းကိုထွင်းတဲ့အခါ
ခင်ဗျားကနောက်ကနေ လမ်းကိုစနစ်တကျခင်းပေးပါ။

လမ်းတလျှောက်မှာ...
အားပေးနေသူတွေလည်းတွေ့ရနိုင်တယ်..
အားမွေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
တအားတွေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
အသွားနှေးနေသူနဲ့လည်းတွေ့ရနိုင်တယ်..
တအားပြေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

တချိုးတကွေ့မှာ..
တအားငေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
စကားဝေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

အာဏာမျှော်နေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
လာပါခေါ်သူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

ဝိုင်းဟားမဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..
ဝိုင်း စား မဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

လှမ်း ဟောင် မဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..
ရမ်း လှောင် မဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

ဘာတွေနဲ့ပဲတွေ့တွေ့
ဘာတွေနဲ့ပဲကြုံကြုံ
ဒီလမ်းဟာ..
ပေါက်ချင်ရာပေါက် ဖေါက်မဲ့လမ်းမဟုတ်ဘူး
ဆောက် ချင်တဲ့အရာဆီပေါက်မဲ့လမ်းဖြစ်စေရမယ်..
ဖြောင့်ဖြူးရမယ်
တည်ငြိမ်ရမယ်
ခန့်ငြားရမယ်
လှပရမယ်..။

ခင်ဗျားနဲ့ကျွန်တော်
စနစ်တကျဖေါက်
အပြစ်မကျအောင် လျှောက်နိုင်ရင်
လိုချင်တဲ့နေရာကို
တထစ်ချ ရောက်ကိုရောက်ရမယ်..။              ။

*  ခင်ဗျားနဲ့ကျွန်တော်ပေါင်းများစွာသို့  *

( ၈၈၈၈ အရေးတော်ပုံ ၂၃-နှစ်မြောက် )            
                                                   

( ဒီကဗျာကို Burma Today မှဖေါ်ပြပေးသည့်အတွက်
 ဦးမြင့်လှိုင်နှင့် Burma Today ကိုကျေးဇူးတင်ပါသည်။)
        
                                   
ကိုခိုင်
၈.၈.၁၁